တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဖိတ်ကြားချက်အရ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ အလုပ်အမှုဆောင်များဖြစ်ကြသော ဦးနေလင်း နှင့် ဦးစိုးသန်းထွန်း တို့နှစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံကျင့်မြို့ နှင့် ပေကျင်းမြို့များသို့ သွားရောက်လေ့လာရန်အတွက် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ (၁၅၂၀)ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါသွားခဲ့ရာ တာဝန်ရှိသူများမှ ပို့ဆောင်နှုတ်ဆက် ခဲ့ကြပါသည်။
လေ့လာရေးခရီးစဉ်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေး ပိုမိုတိုးမြှင့်နိုင်ရေးနှင့် လူမှု့စီးပွားရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ တိုးမြှင့်နိုင်ရေး တို့အတွက် ရည်ရွယ်၍ အထင်ကရနေရာများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လေ့လာဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်(၁၇)ဦး လိုက်ပါသွားခဲ့ပါသည်။