မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) အလုပ်အမှူဆောင်အဖွဲ့ (၁၁/၂၀၂၄) လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) အလုပ်အမှုဆောင်အဖွဲ့၏ (၁၁/၂၀၂၄) လစဉ်ပုံမှန်အစည်းအဝေးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၃) ရက် (၁၄၀၀)ချိန် အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နာယက၊ ဥက္ကဌ၊ ဒုဥက္ကဌများ၊ အလုပ်အမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ ပြန်လည်သုံးသပ်ဆွေးနွေး၍ ဆက်လက်ဆောင်ရွက်ရန်များကို ညှိနှိုင်းဆုံးဖြတ်ခဲ့ကြပြီး ဂုဏ်ထူးဆောင်နာယက (၃)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ အသင်းဝင်အသစ်(၂)ဦးအား အသင်းသားအဖြစ် လက်ခံမှတ်တမ်းတင်၍ ရင်ထိုးတံဆိပ်ချီးမြှင့်ခြင်း၊ ပြည်ပခရီးစဉ်နှင့် အခမ်းအနားတက်ရောက်မှုများအား ရှင်းလင်းသုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။