၁။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဦးဆောင်ကျင်းပသော (၁၁)ကြိမ်မြောက် အာဆီယံ-တရုတ် လူငယ်များ နှီးနှောဖလှယ်ပွဲကို ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၆ ရက်မှ ၃၀ရက်နေ့အထိ ရှမ်ရှီးပြည်နယ်၊ ရှီးအန်းမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝိတ်၊ အတွင်းရေးမှူး ဦးမင်းလွင်တို့ ဦးဆောင်ပြီး ကျောင်းသူ(၅)ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားတက်ရောက်ရန် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၅)ရက် (၁၄၅၅) ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့ပါသည်။
၂။မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ကိုး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးလှမိုးနှင့် မိသားစုဝင်များမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ပါသည်။