တရုတ်-မြန်မာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ်မြောက်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခြင်းနှင့် ယဉ်ကျေးမှုဆွေးနွေးပွဲ နိုင်ငံတကာနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ အသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်

၁။ တရုတ်-မြန်မာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ်မြောက်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခြင်းနှင့် ယဉ်ကျေးမှုဆွေးနွေးပွဲ နိုင်ငံတကာနေ့ အထိမ်းအမှတ်အခမ်းအနားအား ၅-၆-၂၀၂၅ ရက်နေ့ နံနက် ၁၀၀၀ ချိန်တွင် Ruyi Restaurant ရှိ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
၂။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော် တို့မှ အမှာစကား ပြောကြားခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာ့ရိုးရာရုပ်သေးအကဖြင့် တင်ဆက်မှုအားလည်းကောင်း၊ မြန်မာစောင်းနှင့် တရုတ်ပုလွေ တီးမှုတ်ဖျော်ဖြေတင်ဆက်မှုအား လည်းကောင်း၊ မြန်မာ့ရိုးရာ ကျေးလက် အဆို/အက သရုပ်ဖော် တင်ဆက်မှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်ပြီး သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးတို့သည် Citic Star ပေါက်ဖော်ချစ်ကြည်ရေး ဇာတ်လမ်းတိုပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကလေးငယ်များအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြ ပါသည်။ ဆက်လက်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ အခမ်းအနားအား (၁၂၄၀)နာရီချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။