မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေး (၄/၂၀၂၅) ကြိမ်မြောက်အား အသင်းရုံးအစည်းအဝေးခန်းမ၌ ၂၈-၄-၂၀၂၅ ရက်နေ့ ၁၃၀၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့ရာ နာယကများ၊ ဥက္ကဌ ဦးတင်ဦး၊ ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြပါသည်။
၂။ အစည်းအဝေးတွင် ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး အတည်ပြုခဲ့ကြပြီး Ms. Chen SuZhen ဦးဆောင်သော Xiamen Blue Sky Rescue အဖွဲ့၏ မန္တလေး ငလျင်ကယ်ဆယ်ရေး ခရီးစဉ်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် ပံ့ပိုးကူညီမှုပြုသူ များအတွက် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကာ ၁၄၁၅ နာရီချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။