၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် North Petroleum & Chemical Group Co., Ltd (NPCC)တို့၏ မိတ်ဘက်ညီနောင် အသင်းအဖွဲ့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အသင်းရုံးအစည်းအဝေးခန်းမ၌ ၃၀-၅-၂၀၂၅ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် North Petroleum & Chemical Group Co., Ltd (NPCC)မှ ဥက္ကဋ္ဌ Mr. Li Li နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၂။ အခမ်းအနားတွင် ဥက္ကဋ္ဌများမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ နှစ်ဘက်တက်ရောက် လာသူများကို မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မိတ်ဘက်ညီနောင် နားလည်မှုစာချွန်လွှာအား အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၃။ North Petroleum & Chemical Group Co., Ltd (NPCC) ဥက္ကဋ္ဌမှ အသင်းရန်ပုံငွေအတွက် ကျပ်သိန်း(၂၀၀) ပေးအပ်လှူဒါန်းခဲ့ရာ အသင်းဥက္ကဋ္ဌမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ၁၁၀၀ နာရီအချိန်တွင် အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။