၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်သော ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ခုနှစ် ဇွန်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များသို့ သွားရောက်၍ ထောက်ပံ့ကူညီ လက်ရောက် လှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။
၂။ လှူဒါန်းခဲ့မှုများမှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျောင်းတိုက် ငလျင်ဒဏ်သင့် သိမ်ပြန်လည်တည်ဆောက်ရန်အတွက်လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ကျောင်းကုန်းပရိယတ္တိ ကျောင်းတိုက်သို့လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ နံတော်စဉ် ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ တောင်သာဘိုးဘွားရိပ်သာသို့လည်းကောင်း၊ ပျဉ်းမနားမြို့နယ် သန္တာရာမ သီလရှင်စာသင်တိုက်သို့လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းသိမ် ဆွမ်စားကျောင်းသို့လည်းကောင်း၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်(အလယ်ရွာ)ကျောင်းသို့ လည်းကောင်း သွားရောက်၍ အလှူငွေပေါင်း ကျပ်သိန်း(၂၅၀၀) ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း နတ်၊ လူ သာဓုခေါ်ဆိုနိုင်ရန် အသိပေးအပ်ပါသည်။
၃။ ၂၀၂၅ခုနှစ်၊ ဇွန်လ (၂)ရက်နေ့နှင့် (၃)ရက်နေ့များတွင်လည်း စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ၏ နေအိမ်(၂)လုံး ဆောက်လုပ်ရန်လည်းကောင်း၊ စစ်ကိုင်းမှ အငြိမ်းစား ဆရာ /ဆရာမကြီးများအား ထောက်ပံ့ လှူဒါန်းငွေများ ပေးအပ်ခြင်းအတွက်လည်းကောင်း၊ စစ်ကိုင်း ပြည်သူ့ဆေးရုံကြီး အီးစီဂျီစက်နှင့် လိုအပ်သော ဆေးဝါးများ ဝယ်ယူရန်အတွက် လည်းကောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး အီးစီဂျီ စက်(၂)လုံးအတွက်လည်းကောင်း၊ ချွဲစုပ်စက်(၂)လုံးအတွက် လည်းကောင်း၊ သွေးစစ်ဌာနနှင့် ခွဲစိပ်ခန်းသုံးပစ္စည်းများ (၂)လစာ ၀ယ်ယူရန်အတွက်လည်းကောင်း စုစုပေါင်း အလှူငွေ (၇၀၈)သိန်းအား လှူဒါန်းခဲ့ကြပါသည်။