မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မိသားစုများက စာသင်တိုက်ကြီးများ ပညာရေးရန်ပုံငွေနှင့် စာအုပ်စာရေးကိရိယာများ ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်း

၁။ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၄) ရက် (၀၈၃၀)ချိန်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌဦးဆောင်သောအဖွဲ့သည် ရန်ကုန်၊ ဗဟန်းမြို့နယ်၊ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုစာသင် ရဟန်းသံဃာ(၁၁၇)ပါးအတွက် မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများ၊ ပညာရေးငွေပဒေသာပင် အလှူငွေ (၃၅)သိန်းတို့ တိပိဋကယောဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူုဒါန်းခဲ့ပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ တရားတော်နာ ရေစက်ချခဲ့ကြပါသည်။
၂။ ဇူလိုင်လ (၁၁)ရက်နေ့တွင် အတွင်းရေးမှူး ဦးလှမိုး ဦးစီး၍ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)မှ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့်၊ စာရေးကိရိယာများ၊ ပညာရေးပဒေသာပင်နှင့် နဝကမ္မ မိသားစုအလှူတို့ကို ရန်ကင်းမြို့နယ်၊ ပဥ္စနိကာယသာသနာ ဗိမာန်ကျောင်းတိုက်တွင် လှူဒါန်းခဲ့သည်။
၃။ ယနေ့ ပညာရေးပဒေသာပင်နှင့် စာရေးကိရိယာများ လှူဒါန်းမှုသည် မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)၏ စုပေါင်းကုသိုလ်ဒါနအဖြစ် (၇)ကြိမ်မြောက် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
၄။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ဝါဆိုဦး စုပေါင်းအလှူအဖြစ် ဘုန်းတော်ကြီး ကျောင်း (၇)ကျောင်းတွင် ဗလာစာအုပ် (၁၃၈၂)ဒါဇင်၊ စာရေးကိရိယာများနှင့် ပညာရေးပဒေသာပင် အလှူအပါအဝင် န၀ကမ္မအလှူငွေ သိန်း (၁၅၀)ကျပ် လှူဒါန်းခဲ့ပါသည်။
၅။ စေတနာရှင် အလှူရှင်များ သာဓုခေါ်ဆိုနိုင်ရန် အသိပေး၊ ပေးပို့တင်ပြအပ်ပါသည်။