မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA)သို့ မန္တလေးငလျင်ဘေးဒဏ် ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်ခြင်းအခမ်းအနား

၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ရန်ကုန်တိုင်းဒေသကြီး လူယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA)သို့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် မန္တလေးငလျင်ဘေးဒဏ် ခံစားရသောဒေသများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီစောင့်ရှောက်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၅)ရက် (၁၃၃၀)အချိန် အသင်းရုံးတွင် ဆောင်ရွက်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ ငလျင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။
၂။ အခမ်းအနားတွင် အလှူငွေပေးအပ်လှူဒါန်းမှုအတွက် ဥက္ကဋ္ဌ ဦးတင်ဦးမှ ရှင်းလင်းပြောကြားခဲ့ပြီး အလှူငွေ သိန်း(၆၀၀)အတွက် ချက်လက်မှတ်ကို ဥက္ကဋ္ဌ ဦးတင်ဦးမှ (YRYEA) အသင်း၏ ဥက္ကဋ္ဌ ဦးသူရိန်အောင်ထံ လွှဲပြောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။
၃။ အလှူငွေပေးအပ်ခြင်း အခမ်းအနားသည် ၁၄၀၀ချိန် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။