မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) လစဉ်ပုံမှန်အစည်းအ‌ဝေးကျင်းပ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ အလုပ်အမှုဆောင် လစဉ်ပုံမှန်အစည်းအဝေး (၇/၂ဝ၂၅) ကြိမ်မြောက်အား အသင်းရုံးအစည်းအဝေးခန်းမ၌ ၁-၇-၂၀၂၅ ရက်နေ့ ၁၁၀၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပြီး ၁၂၃၀ နာရီချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။