လုပ်ငန်းစဉ်များ

မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)၏ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(၁) နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြည်တွင်း၌သာမက နယ်စပ်ဒေသများတွင်လည်း နှစ်နိုင်ငံ ပြည်သူအချင်းချင်း ယုံကြည်မှု၊ နားလည်မှု၊ ပြည့်ဝလာစေပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ လာအောင် ကဏ္ဍပေါင်းစုံမှ  ကြိုးပမ်းဆောင်ရွက်သွားမည်။

(၂) နှစ်နိုင်ငံပြည်သူအချင်းချင်း ဘက်ပေါင်းစုံမှ ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အစိုးရများအတွက် တစ်ဘက်တလမ်းမှ အထောက်အကူဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

(၃) ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် လေ့လာရေးခရီးစဉ်များ၊ နှီးနှောဖလှယ်ပွဲများနှင့် ပညာသင်စေလွှတ်သင်ကြားရေး အခွင့်အလမ်းများ ပေါ်ပေါက်အောင်ကြိုးပမ်းမည်။

(၄) ကျန်းမာရေးနှင့် အားကစားကဏ္ဍ တိုးတက်မြင့်မားစေရန် ကျန်မားရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကာကွယ်ကုသမှုလုပ်ငန်းများကို ဆွေးနွေးဖလှယ် လေ့လာကျင့်သုံနိုင်ရန်နှင့်ခေတ်မီနည်းစနစ်များ ကိုလည်း လေ့လာကျင့်သုံးနိုင်ရေး ကူညီပံ့ပိုးနိုင်ရန် ဆောင်ရွက်သွားမည်။

(၅) လူမှုဘဝ တိုးတက်မြင့်မားစေရေး၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး နှင့် ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်နိုင်ရေး အတွက် ကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်သွားမည်။

(၆) ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွင် နှစ်နိင်ငံပြည်သူများကို အမှန်တကယ်အပြန်အလှန်အကျိုး ပြုစေနိုင်သည့် လက်တွေ့ကျသော ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများကိုကူညီပေးမည်။

(၇) စက်မှုလက်မှုနှင့် နည်းပညာကဏ္ဍ တိုးတက်စေရန် လူစွမ်းအားအရင်းအမြစ်များ စွမ်းရည်မြင့်မားစေရေးနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ စေလွှတ်သင်ကြားနိုင်ရေး ဆောင်ရွက်မည်။

(၈) ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ပံ့ပိုးရေး လုပ်ငန်းများကိုပူးပေါင်းကူညီဆောင်ရွက်သွားမည်။