တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနနှင့် တရုတ်သံရုံးတို့မှ ကျင်းပသော မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်း အနုပညာအခမ်းအနား ဒုတိယနေ့ကို ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ဆက်လက်ပြုလုပ်ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) အလုပ်အမှုဆောင် ဦးစိန်ညွန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တရုတ်နိုင်ငံ ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေခြင်း၊ အနုပညာလက်ရာပစ္စည်းများ ခင်းကျင်းပြသခြင်း၊ စားသောက်ဖွယ်ရာများ၊ လက်ဖက်ရည်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားခြင်းတို့အား တက်ရောက်လာသူများမှ လှည့်လည်ကြည့်ရှုခြင်း၊ မြည်းစမ်းလေ့လာခြင်းများ ပြုလုပ်ခဲ့ပါသည်။