Belt & Road တရုတ်-မြန်မာမီဒီယာပူးပေါင်းရိုက်ကူးမှုအစီအစဉ်များ မိတ်ဆက်ခြင်းနှင့် China Walk အစီအစဉ်ပြသခြင်းအခမ်းအနားသို့ တက်ရောက်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် China Media Group တို့ ပူးပေါင်းစီစဉ်ကျင်းပ သည့် Belt & Road တရုတ်-မြန်မာမီဒီယာ ပူးပေါင်းရိုက်ကူးမှုအစီအစဉ်များ မိတ်ဆက်ခြင်းနှင့် China Walk အစီအစဉ်ပြသခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက် (၁ဝးဝဝ)အချိန်တွင် ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ အလုပ်အမှုဆောင် ဦးစိုးသန်းထွန်းနှင့် အသင်းသူ/ အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားသို့ မစ္စတာကျန်းကျီဟုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး တို့တက်ရောက် ၍ အမှာစကားများ ပြောကြားခဲ့ပြီး ပူးပေါင်းရိုက်ကူးထားသော ဗီဒီယိုကားများ ပြသခြင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး သံယောဇဉ်များနက်ရှိုင်းစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။