တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနနှင့် တရုတ်သံရုံး တို့က ကျင်းပသော မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်း အနုပညာဖွင့်ပွဲအခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝိတ် တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနနှင့် တရုတ်သံရုံး တို့မှ ကျင်းပပြုလုပ်သော မင်္ဂလာအဖြာဖြာဆုံစည်းရာ လက်ဖက်ရည်ကြမ်း အနုပညာဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ၂၀၂၄ သြဂုတ်လ ၉ ရက်နေ့က ကျင်းပပြုလုပ်ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ(ကိုယ်စား) ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝိတ် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ် ပါမောက္ခချုပ်၊ Yunan Provincial Department of Culture and Tourism မှ Deputy Director General Ms.Wang Jianhong မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီသံရုံးတာဝန်ခံ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်  ဧည့်သည်များ တက်ရောက်ခဲ့ပါသည်။