၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် မိတ်ဘက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ရုံး အစည်းအဝေးခန်းမ၌ ၁၀-၅-၂၀၂၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဥက္ကဌ ဦးတင်ဦး၊ ဒုတိယဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ မိတ်ဘက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ချစ်ကြည်ရေး၊ မိတ်ဘက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား အပြန်အလှန် လက်မှတ် ရေးထိုးကာ ၁၁၁၅ နာရီအချိန်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည်။