မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် Golden Education Sharing Center (GESC) တရုတ်စာသင်တန်းကျောင်းတို့ မိတ်ဘက်ညီနောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပပြုလုပ်

၁။      မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် Golden Education Sharing Center (GESC) တရုတ်စာသင်တန်းကျောင်းတို့ မိတ်ဘက်ညီနောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အသင်းရုံးအစည်းအဝေးခန်းမ၌ ၁၉-၅-၂၀၂၅ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် Golden Education Sharing Center (GESC)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂။       အခမ်းအနားတွင် မိတ်ဘက်ညီနောင် နားလည်မှုစာချွန်လွှာအား အပြန်အလှန် လက်မှတ် ရေးထိုးခဲ့ကြပြီး အသင်း၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို အသုံးပြုနိုင်ရေးအတွက် Golden Education Sharing Center (GESC)မှ ကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ၁၃၅၅ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။