မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့ မိတ်ဘက်ညီနောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပပြုလုပ်

၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် တို့ မိတ်ဘက်ညီနောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ၂၂-၅-၂၀၂၅ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ ဦးတင်ဦး၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဌ ဦးရှိန်ဝင်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မိတ်ဘက်ညီနောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား အပြန်အလှန် လက်မှတ်ရေးထိုးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ဖလှယ်ခဲ့ကြပြီး ၁၃၃၀ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။