မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့လှူဒါန်း

၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဒုတိယဥက္ကဌ ဦးရှင်ဖူးနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းတွင် လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ စိတ္တရကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ကူညီ လက်ရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါ သည်။
၂။ လှူဒါန်းခဲ့ရာတွင် ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာရပ်မိရပ်ဖနှင့် ဒေသခံပြည်သူ အိမ်ထောင်စု (၇၇)စုသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ မိတ်ဆွေများမှ ပေးပို့လှူဒါန်းသော ခြင်ထောင် ၁၂၀ လုံး၊ ခြင်ဆေးဖျန်းဘူး၊ ခြင်ဆေးခွေ၊ ရေသန့်ဘူးနှင့် လိုအပ်သည်များ စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၅၀)ခန့် အား ပေးအပ် လှူဒါန်း ခဲ့ကြပါသည်။