ရန်ကုန်မြို့သို့ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC) မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. PENG Shaoyun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့(၅)ဦးသည် ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့က မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်ဦး၊ ဒုတိယ ဥက္ကဌများ၊ အလုပ်အမှုဆောင်များအား လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ချစ်ကြည်ရေး၊ အပြန်အလှန်နားလည်မှုနက်ရှိုင်းရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ အမြင်ခြင်းဖလှယ်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အပြန်အလှန်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။