တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဌဆရာတော် Hu Xuefeng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဌဆရာတော် Hu Xuefeng ဦးဆောင်သောအဖွဲ့သည် မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲ စေရန်နှင့် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရန် ရည်ရွယ်၍ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၂၀၂၄ စက်တင်ဘာ(၃)ရက် (၁၄၁၀)ချိန် ကူမင်းမြို့မှတဆင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) အတွင်းရေးမှူး ဦးစံလွင်နှင့်အဖွဲ့မှ ကြိုဆိုခဲ့ကြပါသည်။

ဆရာတော် Hu Xuefeng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်လေဆိပ်မှ ဆက်လက်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ (၁၆၁၀)ချိန်ရောက်ရှိခဲ့ရာ တရုတ် သံအမတ်ကြီး Ms. Ma Jia နှင့် သံရုံးတာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။ ဆရာတော်ဦးစီးအဖွဲ့သည် တရုတ်သံရုံးတွင် ခေတ္တနားနေနှုတ်ဆက်ခဲ့ကြပြီး (၁၇၁၀)ချိန် ဆက်လက် ထွက်ခွာခဲ့ရာ (၁၇၃၀)ချိန်တွင် ခေတ္တတည်းခိုမည့် Pan Pacific Hotel သို့ ရောက်ရှိ ခဲ့ကြပါသည်။

ဆရာတော် Hu Xuefeng ဦးဆောင်သောအဖွဲ့သည် (၁၈၀၀)ချိန်တွင် Pan Pacific Hotel ပတ္တမြားခန်းမသို့ ရောက်ရှိခဲ့ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦးနှင့် ဒုဥက္ကဌများ၊ ဟိုတယ်/ခရီးမှ အမြဲတန်းအတွင်းဝန် ဦးလှိုင်ဦး၊ ရန်ကုန်ဖူကျန့်အသင်းမှ နာယက/ ဥက္ကဌနှင့် ဒါယကာ၊ ဒါယကာမများမှ ကြိုဆိုခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဥက္ကဌဦးတင်ဦးမှ ကြိုဆို နှုတ်ဆက်စကားပြောကြား၊ တက်ရောက်သူများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဆရာတော်မှလည်း တရုတ် ကိုယ်စားလှယ်အဖွဲ့မှ လိုက်ပါလာသူ ဆရာတော်များ၊ လူပုဂ္ဂိုလ်များနှင့် ပြန်လည် မိတ်ဆက် ပေးခဲ့ပါသည်။

ဟိုတယ်/ခရီးမှ အမြဲတန်းအတွင်းဝန် ဦးလှိုင်ဦးမှလည်း ကြိုဆိုနှုတ်ဆက်စကားပြောကြား ခဲ့ပြီး၊ (၁၈၂၀)ချိန်တွင် ဆရာတော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)ဥက္ကဌဦးတင်ဦး ဦးဆောင်သောအဖွဲ့တို့သည် ညစာအတူ သုံးဆောင်ခဲ့ကြပြီး (၁၉၀၀) ချိန်တွင် ပြီးဆုံးကာ ဆရာတော်နှင့်အဖွဲ့သည် Hotel တွင် အနားယူခဲ့ပါသည်။