တရုတ်ပြည်သူ့သမ္မတနိုင်ငံထူ​ထောင်ခြင်း ၇၅နှစ်​မြောက်နှစ်ပတ်လည်​နေ့အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦးနှင့် နာယကဦးလှမြင့်တို့အဖွဲ့ တက်ရောက်

မြန်မာ-တရုတ်ချစ်ကြည်​ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦးနှင့် နာယကဦးလှမြင့်၊ ဒုဥက္ကဌဦး​မောင်​မောင်၊ ဦးရှင်ဖူး၊ ဦး​ဇော်နိုင်သိန်း၊ အတွင်း​ရေးမှုး ၂ဦး၊  ဦးစိုးသန်းထွန်း၊ ဦးတင်ဦးတို့သည်၊ ၂၀၂၄ စက်၂၇ ၁၈၃၀ချိန်၊ ရန်ကုန်မြို့၊ Wyndham hotel grand ballroom တွင်ကျင်းပပြုလုပ်သည့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံထူ​ထောင်ခြင်း ၇၅နှစ်​မြောက်နှစ်ပတ်လည်​နေ့ အခမ်းအနားကို၊ တရုတ်သံအမတ်ကြီး Mrs. Ma jia ၏ဖိတ်ကြားချက်အရ တက်​ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ နစကအတွင်း​ရေးမှုး၁ ဗခက​အောင်လင်း​ဒွေးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တရုတ်သံအမတ်ကြီး Mrs. Ma jia.မှ အမှာစကား​ပြောကြားခြင်းအပါအဝင်၊ အစီအစဥ်အတိုင်းကျင်းပပြုလုပ်ခဲ့ပြီး၊  ၂၀၃၀ချိန်  ပြီးဆုံးခဲ့ပါသည်။