ရန်ကုန်မြို့ Wyndham Hotel တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့ တရုတ်သံရုံးမှ ကျင်းပ ပြုလုပ်သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဌ(ကိုယ်စား) ဒုတိယဥက္ကဌ ဦးခင်မောင်ဌေးမှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး အလုပ်အမှုဆောင်များနှင့် အသင်းသား/အသင်းသူ (၈)ဦး တက်ရောက် ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဌ ဦးသန့်ကျော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဌ ဦးခင်မောင်စိုး၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချောချောစိန်၊ နေအုပ်ဖောင်ဒေးရှင်း ဉက္ကဌ ဦးနေအုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ခံ သံမှူး Ms Qiao Li တို့မှ အသီးသီး တက်ရောက်၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြ ပါသည်။