မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦးသည် ဒုတိယဥက္ကဌများ၊ အလုပ် အမှုဆောင်များနှင့်အတူ ၂၀၂၄ခုနှစ် စက်တင်ဘာ (၄)ရက်နေ့ (၁၀၀၀)ချိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသို့ သွားရောက်၍ သံအမတ်ကြီး Ms. Ma Jia အား တွေ့ဆုံဆွေးနွေး ဂါရ၀ပြုခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက် ၍ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ပြည်သူ အချင်းချင်းအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူပေါင်းဆောင်ရွက်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
သံအမတ်ကြီးမှလည်း နှစ်ပြည်ထောင်ချစ်ကြည်ရေး ပိုမိုခိုင်မာတိုးတက်ရေး၊ ငြိမ်းချမ်းစွာ အသိုက်အဝန်း အတူတစ်ကွ တည်ဆောက်နေထိုင်ရေး၊ မြန်မာနိုင်ငံတွင် တစ်ချိန်က တရုတ် သံအမတ်ကြီး ဒေါ်ညွန့်ညွန့်နှင့်အတူ တာဝန်ထမ်းဆောင့်ခဲ့ဘူးခြင်းတို့ကြောင့် မြန်မာနိုင်ငံနှင့် ရင်းနှီးပြီးဖြစ်ကြောင်း တာဝန်ဝတ္တရားများကို အကောင်းဆုံးကျိုးပမ်း ထမ်းဆောင်သွားမည်ဖြစ် ကြောင်း ရင်းနှီးတက်ကြွစွာ ပြန်လည်ဆွေးနွေးခဲ့ပါသည်။