၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် Golden Education Sharing Center တို့ မိတ်ဘက်အသင်းအဖွဲ့ ထူထောင်ခြင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အကြိုညှိနှိုင်း အစည်းအဝေးအား မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံး အစည်းအဝေးခန်းမ၌ ၁၄-၅-၂၀၂၅ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် Golden Education Sharing Center မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
၂။ အစည်းအဝေးတွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးက အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော Golden Education Sharing Center မှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်နှင့် ပညာသင်ကြားရေးတို့အား မိတ်ဆက် ဆွေးနွေးကာ မိတ်ဘက်အသင်းအဖွဲ့ ထူထောင်ခြင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အချက်အလက်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ၁၄၁၀ နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။