မြန်မာ-တရုတ်ချမြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ စီစဉ်ပြိုင်ပွဲဝင်ခဲ့သောမြန်မာလူငယ်ကျောင်းသားများ ပေကျင်းမြို့ နိုင်ငံတကာပန်ချီပြိုင်ပွဲတွင် ဆုများဆွတ်ခူး

တရုတ်နိုင်ငံမှ 2024 Colourful World အမည်ဖြင့် ကျင်းပသည့် International Youth Painting Invitation Exhibition; Awarding and Opening Ceremonies အခမ်းအနားတွင် မြန်မာ ကျောင်းသားကျောင်းသူလေးများ ဆုများဆွတ်ခူး ရရှိခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌၊ ပေကျင်းပြည်သူ့နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေး အသင်း (BPAFFC) နှင့် Beijing Association for Science and Technology, Overseas Chinese Affairs Office of Beijing Municipal Government, Beijing Women’s Federation တို့ ပူးပေါင်း စီစဉ်ကျင်းပသည့် “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” အား ပေကျင်းမြို့၌ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား ကျောင်းသူ(၁၃)ဦးအနက် (၅)ဦး ဆုများအသီးသီးရရှိခဲ့ကြပါသည်။ အသက် (၇နှစ် မှ ၁၂နှစ်)အုပ်စု တွင် G4 ကျောင်းသား မောင်သစ်ထူးဉာဏ် (ပထမ)ဆု၊ အသက် (၁၃နှစ် မှ ၁၈နှစ်)အုပ်စုတွင် G9 ကျောင်းသား မောင်ဖုန်းမြတ်စံ (ဒုတိယ)ဆု နှင့် G9 ကျောင်းသား မောင်မင်းစစ်ပိုင်၊ G8 ကျောင်းသား မောင်ပြည့်ဖြိုးဟိန်းနှင့် ပန်းချီပညာသင်ကျောင်းမှ မဇူးဇူးလှိုင် တို့က (တတိယ)ဆုများ အသီးသီး ရရှိခဲ့ပါသည်။
ပြိုင်ပွဲကို “2024 Colourful World” အမည်ဖြင့် ၂၀၂၄ခုနှစ် ဇူလိုင်လမှ စတင်ဖိတ်ကြားလာ၍ တရုတ်ပြည်နှင့် ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသားကျောင်းသူများအား ပါဝင်ယှဉ်ပြိုင်စေခဲ့ရာ နိုင်ငံပေါင်း(၆၄)နိုင်ငံမှ ကျောင်းသားကျောင်းသူ (၅၂၀၀၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲကို အသက် (၄နှစ် မှ ၆နှစ်အထိ)အုပ်စု၊ အသက် (၇နှစ် မှ ၁၂နှစ် အထိ) အုပ်စုနှင့် အသက် (၁၃နှစ် မှ ၁၈နှစ်အထိ)အုပ်စုဟူ၍ အုပ်စု(၃)စု ခွဲခြား ယှဉ်ပြိုင်စေခဲ့ရာ မြန်မာနိုင်ငံမှ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ကြီးကြပ်မှုဖြင့် အထက်ပါအုပ်စု(၂)စုတွင် ယှဉ်ပြိုင် ရေးဆွဲပေးပို့၍ ပြိုင်ပွဲဝင်ခဲ့ကြရာမှ ထူးချွန်ဆုများ အသီးသီး ရရှိခဲ့ကြပါသည်။