တရုတ်ရိုးရာသီချင်း MC SONG ပြိုင်ပွဲသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဒုဥက္ကဌ ဒေါ်စန္ဒာခင်နှင့် အလုပ်အမှုဆောင်အဖွဲ့တက်ရောက်

တရုတ်ရိုးရာယဉ်ကျေးမှုနှင့် စာပေများ စိတ်ဝင်စားလေ့လာလိုသော ကျောင်းသား ကျောင်းသူများ၊ လူငယ်များအတွက်နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲ စေရန်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးနှင့် The Center for Langue Education and Cooperation တို့ ပူးပေါင်းကျင်းပသည့် MC SONG မြန်မာ-တရုတ် သီချင်းဆိုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၄)ရက် (၁၄၀၀)ချိန်က ရန်ကုန်မြို့ Time City ၊ ကျောက်မျက်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဒုတိယဥက္ကဌ ဒေါ်စန္ဒာခင်နှင့် အလုပ်အမှုဆောင် အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားသို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာ ကြည်လွင် နှင့် တိုင်းပညာရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တိုင်းညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဌတို့ တက်ရောက်၍ ဆုရရှိသူများကို ဆုများချီးမြှင့် ပေးခဲ့ကြပါသည်။
ပြိုင်ပွဲအစီအစဉ်များကို ၂၀၂၄ခုနှစ် စက်တင်ဘာလမှစတင်၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မြန်မာတနိုင်ငံလုံးရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူ (၅၀၀)ဦး ပါဝင်ယှဉ်ပြိုင် ၍ ကျောင်းအလိုက် ရွေးချယ်ပွဲများ ကျင်းပစေခဲ့ပြီးနောက် မူလတန်းအဆင့်မှ (၃၉)ဦး၊ အလယ်တန်းအဆင့်မှ (၄၀)ဦးနှင့် အထက်တန်းအဆင့်မှ (၃၇)ဦး တို့အား ဆန်ကာတင်ရွေးချယ်၍ နိုဝင်ဘာလ (၂၂/၂၃)ရက်နေ့များတွင် ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့ကာ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ဆုပေးပွဲကျင်းပခဲ့ခြင်းဖြစ်ပါသည်။