မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၏ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၏ မိတ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးအား အသင်းရုံးအစည်းအဝေး ခန်းမ၌ ၂၉-၄-၂၀၂၅ ရက်နေ့ ၁၀၃၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဌ ဦးတင်ဦး၊ ဒုတိယဥက္ကဌများ၊ အလုပ်အမှုဆောင်များ နှင့် မိတ်ဘက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ (၇)ဖွဲ့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
၂။ အစည်းအဝေးတွင် အသင်းဥက္ကဌမှ အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသော မိတ်ဘက် အသင်းအဖွဲ့များ၊ ကုမ္မဏီများမှ ၎င်းတို့၏ လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်များကို မိတ်ဆက်ဆွေးနွေပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် မိတ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးရန် အချက်အလက်များအား အသေးစိတ်ညှိနှိုင်းဆွေးနွေးကာ ၁၂၀၀ နာရီချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။