ရန်ကုန်မြို့ NOVOTEL HOTEL ၌ ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့လွတ်လပ်ရေးတပ်မတော် တည်ထောင်ခြင်း (၉၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယကနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခြင်း

ရန်ကုန်မြို့ NOVOTEL HOTEL တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ကျင်းပသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်ခြင်း (၉၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ ဂုဏ်ထူးဆောင် နာယက ဦးလှမြင့် နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားသို့ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတာဝန်ခံတို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက် ခဲ့ကြပါသည်။