မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဥက္ကဌဦးတင်ဦးသည် အလုပ်အမှုဆောင်(၂)ဦးနှင့်အတူ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ (၁၅၀၀)ချိန် ရန်ကုန်မြို့ Melia Hotel တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စီချွမ်ချုံချင့်အထွေထွေကုန်သည်ကြီးများအသင်း တည်ထောင်ပွဲအခမ်းအနား Myanmar Sichuan and Chongqing General Chamber of Commerce Establishment Unveiling Ceremony သို့ တက်ရောက်ခဲ့ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား စီးပွားရေးဝန်ကြီး ဦးဇော်ဝင်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူးကြီး Mr. Ouyang Daobing ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်းမှ ဒုဥက္ကဌများ၊ မြန်မာနိုင်ငံ စီချွမ်ချုံချင့် အထွေထွေကုန်သည်ကြီးများအသင်း အသင်းသူ/အသင်းသားများ၊ မြန်မာ/တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။