၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ရှိ Yunnan Province People’s Association for Friendship with Foreign Countries (YNPAFFC)နှင့် ဆက်သွယ်၍ စီစဉ်စေလွှတ်သော ကျောင်းသူ မမေသူဝင်းနှင့် မတင်တင်တို့ နှစ်ဦး သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၁၄-၁၀-၂၀၂၄ မှ ၁၉-၁၀-၂၀၂၄ ထိ ကျင်းပပြုလုပ်မည့် Yunnan International Sister Provinces/Cities Youth Exchange week 2024 အခမ်းအနား တက်ရောက်ရန် ၂၀၂၄အောက်တိုဘာ (၁၄)ရက် (၁၅၁၀)ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကူမင်းမြို့သို့ ထွက်ခွာသွားခဲ့ပါသည်။
၂။ အခမ်းအနားသို့ ASEAN နိုင်ငံများမှ ကျောင်းသား လူငယ်များအပြင် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ရိုမေးနီးယား၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နီပေါ၊ မွန်ဂိုလီးယား နိုင်ငံများမှ လူငယ်များလည်း တက်ရောက်မည်ဖြစ်ပြီး အခမ်းအနား၏ရည်ရွယ်ချက်မှာ အပြန်အလှန် နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုများ အပြန်အလှန် လေ့လာသင်ယူ မြှင့်တင်ရန်နှင့် လူသားတို့အတွက် မျှဝေခံစားနိုင်သော အနာဂါတ် အသိုက်အဝန်းတစ်ခုတည်ဆောက်ရန် နိုင်ငံပေါင်းစုံမှ လူငယ်သူငယ်ချင်းများအတွက် ပလက်ဖောင်းတစ်ခု တည်ဆောက်ရန်ဖြစ်ပါသည်။
၃။ မြန်မာ-တရုတ်ချစ်ကြည်ရေအသင်း(ဗဟို)သည် ASEAN-China လူငယ်တွေ့ဆုံပွဲများ၊ ဆွေးနွေး ပွဲများသို့ ၂၀၁၃ခုနှစ်မှစ၍ စီစဉ်စေလွှတ်ပေးခဲ့ရာ ယခုအချိန်ထိ ကျောင်းသားလူငယ် (၂၇၂)ဦးကို စေလွှတ်ခဲ့ပြီးဖြစ်ပါသည်။
၄။ မမေသူဝင်းနှင့် မတင်တင်တို့အား မိဘဆွေမျိုးများနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှ အတွင်းရေးမှူးတို့မှ ပို့ဆောင်နှုတ်ဆက်ခဲ့ပါသည်။