တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ 10th ASEAN-China Young Leaders Exchange Festival ပွဲသို့တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ 10th ASEAN-China Young Leaders Exchange Festival ပွဲသို့တက်ရောက်ခဲ့သော မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ကိုယ်စားလှယ်အဖွဲ့ပြန်လည်ရောက်ရှိပြီး အသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်များကို အတွေ့အကြုံများရှင်းလင်းတင်ပြ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ အလုပ်အမှုဆောင်(နှစ်ဦး)နှင့် ကျောင်းသား/သူ(၅)ဦးတို့သည် တရုတ်ပြည်သူသမ္မတနိုင်ငံ နန်နင်းမြို့တွင် လူငယ်တွေ့ဆုံပွဲ 10th ASEAN-China Young Leaders Exchange Festival သို့၂၀၂၄မေလ၂၀ရက်နေ့မှ၂၄ရက်နေ့အထိ တက်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့သို့ မေလ၂၄ရက်နေ့၂၁၄၅အချိန် ပြန်ရောက်ရှိခဲ့ရာ အသင်းမှတာဝန်ရှိသူများ၊ မိသားစုများမှကြိုဆိုခဲ့ကြပါသည်။

ကိုယ်စားလှယ်အဖွဲ့သည် မေလ၂၅ရက်နေ့ ၁၀၀၀အချိန်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးသို့ လာရောက်၍ ဥက္ကဌဦးတင်ဦးနှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံပြီး အခမ်းအနားအတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

လူငယ်တွေ့ဆုံပွဲတွင် တရုတ်အပါအဝင် အာဆီယံနိုင်ငံများမှ လူငယ်များအချင်းချင်း ချစ်ကြည်ရင်နှီးမှုရှိစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ အနာဂတ်ခေါင်းဆောင်များအနေဖြင့် ချစ်ခင်ရင်နှီးကာပူးပေါင်းဆောင်ရွက်နိုင်စေရေး၊ အဖွဲ့အစည်းစိတ်ဓာတ်မြင့်မားစေရေးနှင့် ခေါင်းဆောင်မှုအတွေ့အကြုံများရရှိစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့မှ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပျုခေတ်ရိုးရာအကနှင့် မြန်မာ့ရိုးရာအသုံးဆောင်ပစ္စည်းများ၊ အစားအစာအချို့ပြင်ဆင်ယူဆောင်ခြင်း၊ စနစ်တကျလေ့ကျင့်ခြင်းများပြုလုပ်သွားခဲ့ကြပါသည်။

အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကျောင်းသားကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး နန်နင်းမြို့ရှိပြတိုက်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်များလေ့လာခြင်းနှင့် လျိုကျိုးမြို့မှ စက်မှုဇုံရှိစက်ရုံများအား လေ့လာခဲ့ကြပါသည်။ အခမ်းအနားပိတ်ပွဲတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက်ယဉ်ကျေးမှုအနုပညာများတင်ဆက်ခဲ့ရာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ကိုယ်စားလှယ်အဖွဲ့မှ ကမ္ဘ့ာအမွေအနှစ် ပျူခေတ်ရိုးရာအကဖြင့် တင်ဆက်ကပြခဲ့ကြပါသည်။