ယူနန်ပြည်နယ် ဒုတိယအုပ်ချူပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံခြင်း

၁။      မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ၏ ဖိတ်ကြားချက်အရ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချူပ်​ရေးမှူး Mr. Liu Yong ဦး​ဆောင်​သော အဖွဲ့ဝင် ၆ ဦးပါ အဖွဲ့သည် ၂၀၂၄ စက် ၂၂ရက်​နေ့တွင် ရန်ကုန်မြို့သို့​ရောက်ရှိခဲ့ပါသည်။

၂။       ဧည့်သည်​တော်အဖွဲ့သည် ရန်ကုန်မြို့သို့​ရောက်ရှိစဥ်အတွင်း ရန်ကုန်တိုင်း​ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချူပ်အပါအဝင် တာဝန်ရှိသူများနှင့်​တွေ့ဆုံခဲ့ပြီး၊ စက်၂၄၁၁၃၀ချိန်တွင်၊ ရန်ကုန်မြို့ Sedona hotel တွင်၊ မြန်မာ-တရုတ် ချစ်ကြည်​ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦး၊ ဦး​ဆောင်​သောအဖွဲ့နှင့်​ တွေ့ဆုံခဲ့ပါသည်။

၃။      ဥက္ကဌဦးတင်ဦးနှင့်အဖွဲ့သည် ဧည့်သည်​တော်အဖွဲ့အား ဟိုတယ် san chaung room တွင် လက္ခံ​ တွေ့ဆုံခဲ့ပြီး၊  အသင်းနာယကဦးလှမြင့်၊ အသင်းဒုဥက္ကဌများဖြစ်ကြ​သော ​ဒေါ်စန္ဒာခင်၊ ဦး​မောင်​မောင်၊ ဦး​ဇော်နိုင်သိန်း၊ ဦးရှင်ဖူး၊ အတွင်း​ရေးမှုး ၂ဦး၊ အလုပ်အမှု​​ဆောင် ဦးတင်ဦးနှင့် ဦး​မောင်​မောင်​ဇော်တို့ တက်​ရောက်ခဲ့ကြပါသည်။

၄။​      တွေ့ဆုံရာတွင် ရင်းနှီးချစ်ကြည်စွာ အပြန်လှန်နူတ်ဆက်စကား​ပြောကြားခြင်း၊ နှစ်ဘက်တက်​ရောက်လာသူများကို မိတ်ဆက်​ပေးခြင်း၊ နှစ်နိုင်ငံချစ်ကြည်​ရေးနှင့် ဆက်ဆံ​ရေးပိုမိုတိုးတက်ခိုင်မာ​ရေး၊ ပွင့်လင်းစွာအမြင်ခြင်း ဖလှယ်​ဆွေး​နွေးခြင်းတို့ကို ​ဆောင်ရွက်ခဲ့ကြပါသည်။

၅။      ဆက်လက်၍ ဥက္ကဌဦးတင်ဦးနှင့်အဖွဲ့မှ ဧည့်သည်​တော်အဖွဲ့ကို hotel dagon roomတွင်​နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်း၊ အပြန်လှန်လက်ဆောင်ပစ္စည်း​ပေးအပ်ခြင်း၊ စု​ပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခြင်းတို့ကို ​ဆောင်ရွက်ခဲ့ကြပါသည်။

၆။      ​တွေ့ဆုံမှုသည် ၁၃၀၀ချိန် ပြီးဆုံးခဲ့ပါသည်။