မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌနှင့်အဖွဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို UNESCO ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ခြင်း အထိမ်းအမှတ်မိတ်ဆုံစားပွဲသို့ တက်ရောက်

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌဦးတင်ဦးသည် နာယက၊ ဒုတိယဥက္ကဌ၊ အလုပ်အမှုဆောင်များနှင့်အတူ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ ည အင်လျားကန်ရှိ စိမ်းလန်းစိုပြည်ဂါးဒင်း၌ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကျင်းပသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် UNESCO ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခြင်း အထိမ်းအမှတ်”အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော လက်တွဲဖော်များနှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်၍ ဦးစီးဦးဆောင် ဆောင်ရွက်ခဲ့သည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဒုတိယဥက္ကဌ ဒေါ်စန္ဒာခင် ( ဥက္ကဌ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့) အား ဝမ်းမြောက်စွာ ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မိတ်ဘက်အသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။