၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် Golden Education Sharing Center (GESC) တရုတ်စာသင်တန်းကျောင်းတို့ မိတ်ဘက်ညီနောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အသင်းရုံးအစည်းအဝေးခန်းမ၌ ၁၉-၅-၂၀၂၅ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အခမ်းအနားသို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ ဦးတင်ဦး၊ ဒုတိယဥက္ကဌများ၊အတွင်းရေးမှူးများနှင့် Golden Education Sharing Center (GESC)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မိတ်ဘက်ညီနောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား အပြန်အလှန် လက်မှတ်ရေးထိုးကာ ၁၃၅၅ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။