၁။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ (၉/၂၀၂၄)ကြိမ်မြောက် လစဉ်ပုံမှန်အစည်းအဝေးကို ၂၀၂၄ခုနှစ် စက်တင်ဘာ(၂၀)ရက်နေ့ (၁၃၃၀)ချိန် အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာ သဘာပတိ အသင်းဥက္ကဌ ဦးတင်ဦး မှ အမှာစကားပြောကြားခဲ့ပါသည်။
၂။ အစီအစဉ်(၂)အရ အသင်းအတွက် ရံပုံငွေနှင့် ရေဘေးအကူအညီအတွ က် လှူဒါန်းမှု အစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ၊ အသင်း၏နာယက ဦးဝင်းမြင့် မှ အသင်းရံပုံငွေအတွက်ကျပ်သိန်း(၃၀) ရေဘေးအတွက်ကျပ်(၂၀) သိန်း စုစုပေါင်းကျပ်သိန်း(၅၀)၊ အသင်းဥက္ကဌ ဦးတင်ဦး မှ အသင်းရံပုံငွေအတွက်ကျပ်သိန်း(၃၀) ရေဘေးအတွက် ကျပ်(၂၀) သိန်း စုစုပေါင်းကျပ်သိန်း(၅၀)၊ အသင်းဒုဥက္ကဌ ဦးမောင်မောင် မှ အသင်းရံပုံငွေအတွက် ကျပ်သိန်း(၃၀) ရေဘေးအတွက်ကျပ်(၂၀)သိန်း စုစုပေါင်းကျပ်သိန်း(၅၀)၊ အသင်းဒုဥက္ကဌ ဦးကျော်ဌေး မှ ရေဘေးအတွက် ကျပ်(၁၀)သိန်း၊ အသင်းဒုဥက္ကဌ ဦးဇော်ဝိတ် မှ ရေဘေးအတွက် ကျပ်(၁၀)သိန်း၊ အသင်းဒုဥက္ကဌ ဦးဇော်နိုင်သိန်း မှ ရေဘေးအတွက် ကျပ်(၁၀)သိန်းတန် ပစ္စည်းစောင်များ၊ အသင်းဒုဥက္ကဌ ဦးရှင်ဖူး မှ အသင်းရံပုံငွေအတွက် ကျပ်သိန်း(၂၀) ရေဘေးအတွက်ကျပ်(၂၀)သိန်း စုစုပေါင်းကျပ်သိန်း(၄၀)၊ အတွင်းရေးမှူး ဦးမင်းလွင် မှ အသင်းရံပုံငွေအတွက် ကျပ်သိန်း(၂၀) ရေဘေးအတွက်ကျပ်(၁၀)သိန်း စုစုပေါင်းကျပ်သိန်း(၃၀)၊ ဦးမင်းမျိုးသန့် နှင့် ဦးကျော်ဝေ(ခ)ဦးဝီလီယံ တို့မှ အသင်းရံပုံငွေအတွက် ကျပ်သိန်း(၂၀) ရေဘေးအတွက်ကျပ်(၂၀)သိန်း စုစုပေါင်းကျပ်သိန်း(၄၀)၊ တွဲဘက်ဘဏ္ဍာရေးမှူး ဒေါ်စန်းဆင့်ဆင့်ထွန်း မှ အသင်းရံပုံငွေအတွက်ကျပ်(၅)သိန်း အသီးသီးလှူဒါန်းခဲ့သဖြင့် စုစုပေါင်းငွေသား(၂၈၅)သိန်း၊ ပစ္စည်းစောင်(၁၀)သိန်း လှူဒါန်းခဲ့ရာ၊ အသင်းရံပုံငွေ (၁၅၅)သိန်း၊ ရေဘေးအတွက်(၁၃၀)သိန်း၊ ပစ္စည်းစောင်(၁၀)သိန်းဖြစ်ပါသည်။
၃။ ဆက်လက်၍ ယခင်လ(ဂျူလိုင်/ဩဂုတ်)များမှ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဖတ်ကြားတင်ပြ ခြင်းနှင့် စက်တင်ဘာလအတွင်း ဆောင်ရွက်ချက်များကို တင်ပြခဲ့ရာ အတွင်းရေးမှူး ဦးမင်းလွင် မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် YNPAFFC မှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Peng Shaoyun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံခြင်းကို ရှင်းလင်း တင်ပြခဲ့ပါသည်။
၄။ Mr. Peng Shaoyun ဦးဆောင်သော ကိုယ်စားလှယ်(၅)ဦးသည် ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့တွင် ဥက္ကဌ ဦးတင်ဦး၊ ဒုဥက္ကဌများ၊ အလုပ်အမှုဆောင်များကို လာရောက်တွေ့ဆုံ ဂါရဝပြုခဲ့ပြီး ချစ်ကြည်ရေး၊ အပြန်အလှန် နားလည်မှုနက်ရှိုင်းရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ အမြင်ခြင်းဖလှယ်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး ဥက္ကဌ ဦးတင်ဦး နှင့် ဒုဥက္ကဌ ဦးရှင်ဖူး တို့မှ နေ့လည်စာဖြင့်တည်ခင်းကာ အပြန်အလှန်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။
၅။ ဆက်လက်၍ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ဘိတ်ကြားချက်အရ ပေးကျင်းမြို့ ဗုဒ္ဓဘာသာ အသင်းဥက္ကဌ ဆရာတော် Hu Xue Teng ဦးဆောင်သော ဆရာတော်(၉)ပါးနှင့် သာသနာရေးဗျူရိုမှ အရာရှိများ ပါဝင်သောအဖွဲ့ စက်တင်ဘာ(၃)ရက်မှ (၆)ရက်နေ့အထိ လာရောက်ခဲ့မှုကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ခရီးစဉ်၏ အောင်မြင်မှုအခြေအနေများ၊ ပေကျင်းဆရာတော်သည် အောက်တိုဘာလအတွင်း တရုတ်ပြည်တွင် ကျင်းပမည့် ဗုဒ္ဓညီလာခံအစည်းအဝေးအတွက် တာဝန်ပေးအပ်ခံထားရမှု၊ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံသာသနာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဆရာတော်ကြီးများကိုလည်း ဘိတ်ကြားရန် စီစဉ်ထားရှိကြောင်း ရှင်းလင်းတင်ပြ ခဲ့ပါသည်။
၆။ ဆက်လက်၍ အသင်းအတွင်းရေးမှူး ဦးစံလွင် မှ အသင်းဥက္ကဌ ဦးတင်ဦး ဦးဆောင်သောအဖွဲ့မှ တရုတ်သံအမတ်ကြီးကြီး Ms. Ma Jia နှင့် သွားရောက်တွေ့ဆုံခဲ့မှု ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ပြည်သူ့အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ Southwest University of Science and Technology တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၁)ရက်မှ (၂၅)ရက်နေ့ထိ ဖွင့်လှစ်မည့် အပြည်ပြည်ဆိုင်ရာနည်းပညာ လမ်းညွှန်ချက်များ ဝေမျှပေးရေးသင်တန်းသို့တက်ရောက်မည့် လူငယ်(၂)ဦးခရီးစဉ် ၊ ယူနန်ပြည်နယ် ကူမင်းမြို့ တွင် ၂၀၂၄ခုနှစ်အောက်တိုဘာလ(၁၄)ရက်မှ (၁၉)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ယူနန်နိုင်ငံတကာ ညီအစ်မ ပြည်နယ်များ/မြို့များ လူငယ်ဖလှယ်ရေးရက်သတ္တပတ်သို့ တက်ရောက်မည့် လူငယ်(၂)ဦးခရီးစဉ် ကိစ္စများ ရှင်းလင်းတင်ပြ ခဲ့ပါသည်။
၇။ ဆက်လက်၍ အစီအစဉ်အရ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong နှင့်အဖွဲ့(၆)ဦး (၂၁-၉-၂၀၂၄)ရက်နေ့တွင် လာရောက်မည့် ခရီးစဉ်ကိစ္စ၊ CPAFFC တည်ထောင်ခြင်းနှစ်(၇၀)ပြည့်မြောက်အခမ်းအနားနှင့် (၄)ကြိမ်မြောက် တရုတ်-အာဆီယံချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်များအစည်းအဝေးသို့ (၉-၉-၂၀၂၄)ရက်နေ့တွင် အသင်းဥက္ကဌ ဦးတင်ဦး နှင့်အဖွဲ့ တက်ရောက်မည့် ခရီးစဉ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhejiang ပြည်နယ် Ningbo မြို့တွင် အောက်တိုဘာလ(၁၅)ရက်မှ(၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်သော The Sixth World Buddhist Forum အခမ်းအနားသို့ ဥက္ကဌ နှင့်အဖွဲ့ တက်ရောက်မည့်ခရီးစဉ်၊ ၂၀၂၄ခုနှစ် မြန်မာနိုင်ငံတဝှမ်းရေလွှမ်းမိုးမှုများအတွက် ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေးကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။
၈။ အခမ်းနားအစီအစဉ်အရ အသင်းဥက္ကဌ မှ နိဂုံးချုပ်အမှာစကားပြောကြားရာ အသင်းရံပုံငွေနှင့် ရေဘေး အလှူအတွက် လှူဒါန်းမှုများအား ကျေးဇူးတင်ကြောင်းပြောကြားကာ (၁၄၄၅)ချိန်တွင် အစည်းအဝေး အောင်မြင် ပြီးဆုံးခဲ့ပါသည်။